Posted by : ကိုထက် Tuesday, November 27, 2012

ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့ "Calendar" လေးတွေ ဒီဇိုင်းဖော်ကြည့်ရအောင်နော်
ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။ အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။ စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။
ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။ ရောက်ရင်တော့အပေါ်
မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်

အဆင့်(၁) ။     ။  "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။                                   

အဆင့်(၂) ။    ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့် Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။  ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။

အဆင့်(၃)။    ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser" ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။

အဆင့်(၄)။    ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။ (English) လိုပဲရမယ်နော်။

အဆင့်(၅)။   ။ "Select a font for your free yearly calendar" နေရာမှာ စောစော က မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။


အဆင့်(၆)။   ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။
ထက်ထက် နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။
ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်

ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ စောစောကလုပ်ထားတဲ့
ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ

သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -