Posted by : ကိုထက် Friday, August 23, 2013

    ကျွန်တော်တို့ သင့်ရဲ့ Facebook account ကို တစ်ခြား
တစ်ယောက်က ၀င်သုံးသွားတယ်လို့ သံသယ ရှိနေတယ်ဆိုရင်
ဘယ်လို Trace လိုက်မလည်း။ပြီးတော့ အဲဒီလူရဲ့ တည်နေရာကို
ဘယ်လိုခြေရာခံပြီးတော့ ဘယ်လို သင့်အကောင့်ထဲကနေ လှမ်းပြီး
Sign Out လုပ်မလည်းဆိုတာကိုပြောပါ့မယ်။
ကဲ စမယ်။
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပါ။
ပြီးသွာ့းရင် Setting ထဲက Account Setting ထဲကိုဝင်လိုက်ပါ.


ထိုသို့ဝင်ပြီးသကာလ အောက်ဖော်ပြပါပုံအတိုင်း Security ကိုနှိပ်လိုက်ပါ


ပြီးသွားရင် Active Sessions ကိုဝင်ဖို့အတွက် ညာဘက်အခြမ်းက
Edit ကိုနှိပ်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ် လာပါလိမ့်မယ်။


ကဲ အဲဒီမှာစတွေ့ပြီ သင်သုံးနေတဲ့နိုင်ငံအပြင် တစ်ခြားနိုင်ငံ
တစ်ခုပါလာပါပြီ ဆိုလိုတာက ကျွန်တော်က Dubai ကနေသုံး
လို့ Location မှာ Dubai, Du, Ae ဆိုပြီးဖော်ပြတာပါ။ ကျွန်တော်
သုံးနေတဲ့ Location မဟုတ်တဲ့ Location တစ်ခုက Riverside,
CA, US ဆိုတဲ့ လိပ်စာတစ်ခုပါ။ ဒီကောင်… ဒီကောင် ဒီကောင်
သုံးနေတဲ့ နေရာကိုတွေ့ပြီး။ အိုခေ ဒီကောင်သုံးခဲ့တဲ့ IP Address
 ကို လိုက်မယ် ကဲ ဆက်သွားလိုက်ရအောင်


Location ဆိုတဲ့နေရာလေးကို Mouse Pointer လေးတင်
လိုက်တာနဲ့ ဒီကောင့် IP Address ပေါ်လာပါပြီ။အိုင်ပီ
လိပ်စာက 199.180.158.50 တဲ့ ကဲဒီလောက်သိပြီဆိုရင်
ဒီကောင့်နေရာကို မြေပုံနဲ့ရှာကြမယ်။သြ.. ဒီကောင် ဘာနဲ့
ဝင်တာလည်းဆိုတာပြောဖို့ကျန်သေးတယ်ဗျ။ Device Type
 မှာ တစ်ချက်ကြည့်ကြည့်ပါ။ ဒီကောင် ကျွန်တော့်အကောင့်
ကို ၀င်သွားတာ Android ထဲကနေ ၀င်ပြီးသုံးသွားတာပါ ဒီ
ကောင်နောက်ဆုံးဝင်သုံးသွားတဲ့အချိန်ကိုတော့ Last Accessed
 မှာ ကြည့်လို့ရပါတယ်။ ကဲ ဒီကောင်နေတဲ့လိပ်စာကို မြေပုံထဲ
ကနေကြည့်မယ်။ဆိုတော့ ခုနက မှတ်ထားတဲ့အိုင်ပီလိပ်စာကို
သေချာမှတ်ထားပါ။ပြီးရင် Google ထဲမှာ “whatismyipaddress.com”
လို့ရိုက်လိုက်ပါ။


အောက်ဖော်ပြပါပုံအတိုင်းပေါ်လာရင် ကျွန်တော်မျှားပြထားတဲ့
နေရာမှာ ခုနကမှတ်ထားတဲ့ US ကကောင်ရဲ့ IP Address
ကိုရိုက်ထည့်လိုက်ပြီး Additional IP Detail ဆိုတာကိုနှိပ်လိုက်ပါ။


ဒါဆိုရင်အောင်ပါပုံမှာက သူ့ IP Address နဲ့ပတ်သက်သမျှ
အသေးစိတ် Detail Data တွေကိုဖော်ပြပေးပါ့မယ်


ဆက်ပြီးဆင်လိုက်တဲ့အခါ ဒီကောင့်ရဲ့ လိပ်စာကို မြေပုံနှင့်တကွ
ဖော်ပြနေပါလိမ့်မယ်။

ကဲ… ဒီလောက်ဆိုရင် သင့်အကောင့်ကို သင်မဟုတ်တဲ့ တစ်ခြားသူ
တစ်ယောက်က ၀င်သုံးသွားရင် ဒီကောင် ဘယ်နေရာနေ၊ ဘယ်အချိန်၊
 ဘယ် Device နဲ့ ဘယ် IP ကိုအခြေခံပြီးသုံးသွားသလည်းဆိုတာကို 
Trace လိုက်လို့ရပါလိမ်မယ်။ပြီးသွားရင်တော့ ဒီကောင်ကို ဆက်သုံး
လို့မရအောင်


End Activity ကိုနှိပ်လိုက်ပါ ဒါဆိုရင် သူသုံးနေတဲ့ Android Device
 မှာ သင့်အကောင့်ကို ပြန်ဝင်ဖို့အတွက် Password ပြန်တောင်းနေပါလိမ့်မယ်။


အဲဒီလိုအချိန်လေးအတွင်းမှာ သင်ဟာ သင့်ရဲ့ Facebook Account
ရဲ့ Password ကို အမြန်ချိန်းဖို့တော့လိုပါ လိမ့်မယ်။အကယ်လို့ထို
ယူသုံးသောသူဟာ IP Hidder တစ်မျိုးမျိုးနဲ့သုံးထားတယ်ဆိုရင်တော့
ဟဲဟဲ… ဘာမှဆက်မပြောလိုပါ………………
IP Hider ကောင်းကောင်းလေးလိုချင်ရင်လည်း အနော့ အာရှသား
ထဲမှာမွှေနှောက်ကြည့်ပါတွေ့ပါလိမ့်မယ်။

ကဲအားလုံးပဲအဆင်ပြေပါစေ
(ဦးဇာနည်) မှပြန်လည် ဝေမျှပါသည်.......................................

{ 3 comments... read them below or Comment }

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -