Posted by : ကိုထက် Tuesday, December 20, 2011

Ultrasurf နဲ့ Gmail account အသစ်ဖွင့်နည်းလေးပါ...သိပြီးသားသူတွေအတွက်တော့ မဟုတ်ဘူးပေါ့....အခုလက်တလောကျွန်တော်တို့မြန်မာပြည် မှာဖြစ်နေတာက Gmail account အသစ်ကိုလွယ်လွယ်နဲ့ဖွင့်လို့မရတဲ့ပြသနာပါ...တချို့အခုမှအင်တာနက်သုံးလို့ Gmail account လိုချင်သူတွေ..တချို့ကျတော့ ကိုယ့်ရဲ့ Gmail account ပျက်သွားလို့အသစ်ဖွင့်ချင်သူတွေ....တချို့ကတော့ account အများကြီးလိုချင်တဲ့ ဦးကြူကြူ ဒေါ်ကြူကြူ တွေအတွက်ပါ....... ပြီးတော့အခုတလောဂျာနယ်တွေ စာစောင်တွေထဲမှာ အကောင့်ရောင်းနေကြတဲ့ကြော်ငြာ လေးတွေတွေ့နေရလို့ အားလုံးအဆင်ပြေစေချင်တဲ့စေတနာနဲ့ ဒီပို့စ် လေးကိုရေးရခြင်းပါ.....ဟိုးယခင် အကောင့်တွေဖွင့်လိုရနေတုန်းကတော့ အကောင့်တခုလိုချင်လို့ အင်တာနက်ဆိုင်မှာ ဖွင့်ခိုင်းရင် ၂၀၀ကျပ်လောက်ပေးရင်ရပါတယ် အခုတော့ ၃ ၄ ၅ထောင်လောက်ပေးနေရတယ်လို့ ကြားတယ်..... Google ကနေ Free ပေးထားတဲ့ Service ကိုအခုလို လုပ်စားနေကြတာတော့ မကောင်းပါဘူး.... အရင်ကဆိုရင် ကျွန်တော်လဲ နီးစပ်ရာသူငယ်ချင်းတွေကို ဒီ Ultrasurf နဲ့အကောင့်ဖွင့်ပေးပါတယ် ဒါပေမယ့်အချို့က ကျွန်တောဖွင့်ပေးတဲ့အကောင့်ကို ပြန်ရောင်းစားတယ်တဲ့လေ ကောင်းကြသေးရဲ့လား အဲ့ဒါကြောင့် သူငယ်ချင်းအားလုံး အကောင့် ကိုယ်တိုင်ဖွင့်လိုရအောင် Share ပေးခြင်းပါ ဒါမှလဲအကောင့်ရောင်းတဲ့ကိစ္စတွေ ပျောက်သွားမယ်လို့ထင်ပါတယ်......ပြီးတော့လဲကိုယ်တိုင်ဖွင့်တဲ့အကောင့်ကစိတ်ချလက်ချသုံးနိုင်မှာပါ တခြားသူဖွင့်ပေးတဲ့ အကောင့်ကိုသုံးရင် ကိုယ်က Recovery mail တို့ Security Question တို့ကိုမပြောင်းထားပဲသုံးနေရင်အချိန်မရွေးပြန်ယူသွားနိုင်ပါတယ်... ကဲစမ်းကြည့်ကြရအောင် အရင်ဆုံးအောက်မှာတင်ထားတဲ့ ဒေါင်းလုတ်လင့်လေးတွေကနေ Ultrasurf ၄ခုတင်ထားပေးပါတယ်တခုမရရင်တခုနဲ့စမ်းပြီးလုပ်ကြည့်ကြပါ.....ဖိုင်ဆိုက်လဲမကြီးပါဘူး တခုကို 1MB လောက်ပဲရှိပါတယ်... http://ifile.it/lgfz13c/U95.exe

http://ifile.it/qgjsnw6/u1014.exe
http://ifile.it/3ma7ghk/U1015.exe
http://ifile.it/4n5kb3r/U1016.exe

ဒေါင်းပြီးသွားရင်တော့ရလာတဲ့ ဖိုင်လေးခုထဲကတခုကို ဖွင့်ပါ..


Contacting server လို့ပေါ်လာပါမယ်...



 
uccessfully connected to server လို့ထပ်မံပေါ်လာပြီး
ခနနေရင် ညာဘက်ထောင့်မှာမှာသော့ပုံလေးနဲ့ Internet Explorer ပွင့်လာပါလိမ့်မယ် (အကယ်လို့ connection မကောင်းတဲ့အချိန်မှာဆိုရင်တော့ connecting fail လို့ပေါ်လာပြီး Internet Explorer ပွင့်မှာမဟုတ်ပါဒါဆိုရင်တော့ connection ကောင်းတဲ့အချိန်မှထပ်မံစမ်းကြည့်စေလိုပါတယ်) ပြီးရင်
www.gmail.com > Create an account ဒါမှမဟုတ်ဒီအောက်ကလင့်လေးကိုပွင့်လာတဲ့ Internet Explorer မှာ copy paste လုပ်ပြီးအကောင့်အသစ်ကိုဖွင့်ရပါမယ်...

https://accounts.google.com/NewAccount?service=mail&continue=ht...

အကောင့်အသစ်ကိုဖွင့်မယ်ဆိုရင်သတိပေးချင်တာက လိုအပ်တဲ့အချက်အလက်တွေထည့်တဲ့နေရာမှာ
Recovery mail ကိုမဖြစ်မနေထည့်ပါ အဲ့ဒီ Recovery mail ကလဲကိုယ့်ရဲ့ကိုယ်ပိုင်မေးလ် လက်ရှိသုံးနေတဲ့ active ဖြစ်တဲ့မေးလ်
ကိုထည့်တာပိုကောင်းပါတယ်... Location နေရာမှာ United State ( Myanmar လိုယောင်ပြီးတောင်မထည့်မိပါစေနဲ့ ထည့်တာနဲ့ရလာတဲ့အကောင့်ဟာမေးလ် သုံးတာနဲ့ပျက်သွားမှာပါ..ဘာလို့လဲမမေးနဲ့ကျွန်တော်လဲမသိဘူး)
Birthday နေရာမှာ လ ရက် နှစ် အစဉ်လိုက်ထည့်ပါ..လ ရက် နှစ် ကြားတွေမှာ / ခံပေးရပါမယ် ( ဥပမာ ၅လပိုင်း ၁၆ရက် ၁၉၉၇ခုနှစ်မွေးသူဆိုရင် 5/16/1997 လို့အပြည့်အစုံ ထည့်ပေးရမှာပါ..အချက်အလက်တွေဖြည့်ပြီးပြီဆိုရင်တော့ အားလုံးသိကြတဲ့
အတိုင်း I accept create my account ကိုကလစ်လိုက်ပါကလိုချင်တဲ့အကောင့်ကိုရသွားမှာဖြစ်ပါတယ်ခင်ဗျား....

ပျော်ရွှင်ပါစေ.......

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -