ကိုသန်းထိုက်(ရွှေရိပ်) ရေးထားတာပါ . virus နှင့်ပတ်သက်ပြီး သိသင့်သိထိုက်တာများကို ရေးထားပေးထားတာပါ . ဗိုင်းရပ်စ်ရေးသားပုံ ပုံစံနှင့် ကာကွယ်ပုံ ကာကွယ်နည်းကိုပါ ထည့်သွင်းဖော်ပြထားပါတယ် . virus ကတော့ အမျိုးအစား အများကြီးရှိပါတယ် . တစ်ယောက်နဲ့ တစ်ယောက်ရေးသားပုံချင်း မတူညီကြပါဘူး . တိုက်ခိုက်ပုံချင်းလဲ မတူညီကြပါဘူး . ကျွန်တော်တို့အနေနဲ့ကတော့ ကွန်ပျူတာနှင့် အင်တာနက်သုံးနေသမျှ ကာလပတ်လုံးကတော့ virus ဆိုတာကို မရင်းနှီးချင်လဲ ရင်းနှီးနေရမှာပါ . ရေးသားနည်းတွေကလည်း တစ်နေ့ထက်တစ်နေ့ တော်တော်လေး ပြင်းထန်လာတာတွေ့ရပါတယ် . အခုကာကွယ်နည်းကို ဖတ်ရင် ဗိုင်းရပ်စ်အားလုံးကို ထိန်းချုပ်နိုင်သွားပြီလားဆိုရင်တော့ မထိန်းချုပ်နိုင်ပါဘူးလို့ပဲ ပြောပြရမှာပါ . တစ်ချို့ virus တွေက antivirus program တွေကိုတောင် လှည့်စားနိုင်တဲ့ ပိတ်ဆို့ထားနိုင်တဲ့ virus တွေ အများကြီးပါ . ကျွန်တော်ဆိုလိုတာက ဒီစာအုပ်ကလေးကို ဖတ်ပြီးတော့ သိသင့်သိထိုက်တာတွေကို သိသွားစေချင်တဲ့ ဆန္ဒတစ်ခု တည်းပါ။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ .
Download ifile.it | Mediafire | Zshare | Ziddu | Megaupload