Posted by : ကိုထက် Friday, June 28, 2013

ကျွန်တော်တို့ အခုနောက်ပိုင်း Latop တွေဝယ်တဲ့ အခါမှာ သတိထားမိကြပါလိမ့်မယ် .. Driver ခွေတွေ ပါမလာတော့ပဲ မိမိတို့ ကွန်ပျူတာအတွက် လိုအပ်တဲ့ Driver တွေကို သူရဲ့ဆိုဒ်မှာ သွားပြီး ဒေါင်းလော့ ချကြရပါတယ် .. တကယ်လို့ မိမိတို့က အခုလို Driver တွေပြန်ရှာဖို့ အခက်အခဲ ဖြစ်နေမယ်ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ Driver Pack Solution လေးကို ဆောင်ထားလိုက်ယုံနဲ့ အဆင်ပြေသွားပါလိမ့်မယ် .. Destop အသုံးပြုတဲ့ သူတွေအတွက်လည်း အတူတူပါပဲ .. မိမိတို့ ကွန်ပျူတာမှာ Motherboard ခွေပျောက်သွားလို့ ပဲဖြစ်ဖြစ် Windows တင်ပြီးလို့ Driver လိုအပ်နေတယ်ဆိုရင် Driver Pack Solution လေးကို ဆောင်ထား လိုက်ယုံနဲ့ အဆင်ပြေသွားစေမှာပါ .. အသုံးပြုရတာလည်း လွယ်ပါတယ် .. ကွန်ပျူတာကို Windows အသစ် တင်ပြီးတာနဲ့ ဒီကောင်လေးကို Run ပေးလိုက်ယုံပါပဲ .. သူကလိုအပ်တဲ့ Driver တွေကို ရှာပြီး Install လုပ်ခိုင်းပါလိမ့်မယ် .. ဒါဆိုရင် ကျွန်တော်တို့က Install လုပ်ပေးလိုက်ယုံပါပဲ .. Connection ကောင်းတဲ့ နေရာမှာ ရောက်နေတဲ့ သူတွေအတွက်တော့ ဒီကောင်လေးတွေကို ယူထားစေချင်ပါတယ် .. ကျွန်တော် Torrent Link ကိုပဲ ပြန်တင်ပေးထားပါတယ် .. အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ အရင်ဒေါင်းလော့ ချလိုက်ပါ .. ပြီးရင် မိမိတို့စက်မှာ Torrent ကို Install လုပ်ပြီး ဒေါင်းလော့ချလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် ..

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -