Posted by : ကိုထက် Thursday, July 4, 2013


 


Hard Drive ဆိုတာဟာ Computer တစ်လုံးမှာ အလွန်အရေးကြီးတဲ့ Hardware အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Hard Drive တွေကို ၀ယ်ယူတဲ့နေရာမှာ
ရွေးချယ်မှု၊ မှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်။ ရွေးချယ်မှု မှန်ကန်ဖို့ ဆိုတာကလည်း Hard Drive ရဲ့ အကြောင်းကို သိထားမှ ဖြစ်မှာမို့ Hard Disk နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြပါရစေနော်။

========Type (အမျိုးအစား)========

Computer ရဲ့ အခြားအစိတ်အပိုင်းတွေကို ရွေးချယ်ဝယ်ယူရာမှာ သိပ်ပြီး စဉ်းစားနေစရာမလိုပေမယ့် ကိုယ်ဝယ်ယူမယ့် Computer အစိတ်အပိုင်းဟာ Hard Drive ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်အသုံးပြုနေတဲ့ Motherboard နဲ့ သင့်တော်ကိုက်ညီတဲ့ အမျိုးအစားဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Computer အမျိုးအစားဟာ Old Model
အမျိုးအစား မဟုတ်ခဲ့ဘူးဆိုရင် SATA Hard Drive အမျိုးအစားကို အသုံးပြုတာက ပိုကောင်းမယ်ထင်ပါတယ်။ အဲ.. ဒီလိုမှ မဟုတ်ဘဲ သင့်ရဲ့ Computer ဟာ Old Model
အမျိုးအစားဖြစ်နေခဲ့မယ်ဆိုရင်တော့ IDE လို့ခေါ်တဲ့ Hard Drive အမျိုးအစားက ပိုပြီးသင့်တော်ပါလိမ့်မယ်။ ပြီးတော့ ဒီ IDE Hard Drive ဆိုတာကလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က အလွန်လူသိများတဲ့ Hard Drive အမျိုးအစားဖြစ်ပါတယ်။

========Size (အရွယ်အစား/ပမာဏ)=========

အကယ်၍ သင့်အနေဲ့ New Hard Drive တစ်ခုကို ၀ယ်ယူတော့မယ်ဆိုရင် Type တစ်ခုထဲကို စဉ်းစားရမှာ မဟုတ်ပါဘူး။ Hard Drive နဲ့ ပတ်သက်ပြီး နောက်ထပ်ရွေးချယ်ဖို့၊
စဉ်းစားဖို့ လိုအပ်တာကတော့ Hard Drive ရဲ့ Size ပါပဲ။ ဘာကြောင့်လဲဆိုတော့ Program ၊ Music နဲ့ Video တွေဟာ နေရာယူမှုပမာဏ ကြီးမားလွန်းတာကြောင့် အကယ်၍

သင့်အနေနဲ့ ဒါတွေအားလုံးကို Download လုပ်ချင်တယ်ဆိုရင်တော့ လုံလောက်တဲ့ Disk Space ရှိမှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် Music နဲ့ Video တွေကို Download လုပ်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ Hard Disk မှာ သင့်တင့်လုံလောက်တဲ့ Disk Space ရှိရပါမယ်။ သင့်တင့်လုံလောက်တဲ့ပမာဏလို့ဆိုရာမှာလည်း အနည်းဆုံး 250 GB
လောက်တော့ လိုအပ်ပါလိမ့်မယ်။ အကယ်၍ User အနေနဲ့ Music ၊ Video နဲ့ Picture တွေကိုပါ Download လုပ်ချင်တာဆိုရင်တော့ ဒီထက်ပိုများတဲ့ Disk Space ပမာဏရှိတဲ့Hard Disk မျိုးနဲ့မှ ဖြစ်ပါလိမ့်မယ်။

=============Speed & Cache=============

Hard Drive ရဲ့စွမ်းဆောင်ရည် (Performance) တွေကို အပြည့်အ၀ရရှိချင်တယ်ဆိုရင်တော့ အခုဆက်ပြောပြမယ့် အချက်အလက်တွေကိုလည်း မေ့ထားလို့ မရဘူးနော်။

ဒါကြောင့် ပထမဦးဆုံး ဂရုစိုက်ရမှာကတော့ Hard Drive ရဲ့ Cache အရွယ်အစားပါပဲ..။ Cache ရဲ့ တာဝန်ကတော့ Data တွေကို သိမ်းဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ Hard
Drive ရဲ့ Cache အရွယ်အစားဟာ ကြီးလေကောင်းလေပါပဲ။ ဒါမှလည်း Information တွေကို ကောင်းကောင်း Store လုပ်ပေးနိုင်မှာပေါ့..ဟုတ်ဘူးလား(?)။ အဲ...

နောက်ထပ်ကြည့်ဖို့လိုအပ်တဲ့ အချက်(၃)ချက်ကတော့ Seek Time လို့ခေါ်တဲ့ Data တွေ ရှာဖွေတဲ့အချိန်၊ Write Time လို့ခေါ်တဲ့ Data တွေကို ရေးမှတ်တဲ့အချိန်နဲ့ Latency
Time တို့ပဲ ဖြစ်ကြပါတယ်။ Hard Drive အတွက်ကတော့ ဒီအချိန်တွေဟာ လျော့နည်းလေကောင်းလေပါပဲ။ အဲဒီလို လျော့နည်းဖို့အတွက်ကလည်း Hard Drive ရဲ့ RPM ဟာ
မြင့်မားနေဖို့လိုအပ်ပါတယ်။ RPM ဆိုတာက Revolution Per Minutes လို့ အဓိပ္ပါယ်ရပါတယ်။ အလုပ်လုပ်နှုန်းလို့ပဲ လွယ်လွယ်ကူကူ အဓိပ္ပါယ်ပြန်ကြပါစို့ဗျာ..။
အဲဒီတော့လိုရင်းအဓိပ္ပါယ်ကိုပြန်စုလိုက်မယ်ဆိုရင် RPM သာ မြင့်မယ်ဆိုပါက Seek Time ၊ Write Time နဲ့ Latency လို့ခေါ်တဲ့ Data လေလွင့်မှုနှုန်းတွေဟာ လျော့နည်းသွားမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် Hard Drive မှာရှိတဲ့ RPM (Revolution Per Minutes) ကို ကြည့်ပြီး ဈေးနှုန်းတွေဟာလည်း အမျိုးမျိုးဖြစ်သွားပါတယ်။ RPM (Revolution Per Minutes)
7200 ကျော်ပါတဲ့ Hard Drive တွေဟာဈေးမြင့်ကြပါတယ်။ Western Digital မှ ထုတ်လုပ်ခဲ့တဲ့ Raptor လို့နာမည်ပေးထားတဲ့ SATA Hard Drive တစ်မျိုးဟာဆိုရင် RPM(Revolution Per Minutes) ရဲ့ ပမာဏ 10,000 ထိရှိပါတယ်။ ဒီ Hard Drive ဟာ Computer ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး တိုးမြင့်စေပေမယ့် ဈေးနှုန်းကတော့တော်တော်မြင့်မားပါတယ်။ ပစ္စည်းကလည်း တကယ်ကောင်းတာဆိုတော့ဈေးကလည်းကြီးပေါ့ဗျာ..။
ကဲ..ဒီလောက်ဆိုရင်တော့ Hard Drive နဲ့ ပတ်သက်ပြီး တော်တော်လေး သိလောက်ပြီလို့ထင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ Motherboard နဲ့ သင့်တော်တဲ့ Hard Drive မျိုးကိုမှန်ကန်စွာ ရွေးချယ်နိုင်ပြီလို့လည်း မျှော်လင့်ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -