Posted by : ကိုထက် Thursday, July 4, 2013

Bus Computing အကြောင်းသိကောင်းစရာ

ကွန်ပျူတာတစ်လုံးလုပ်ဆောင်မှုအပိုင်း၌ Bus ဆိုတာဟာ Subsystem (system အခွဲ) ဖြစ်ပြီးကွန်ပျူတာအတွင်းရှိအစိတ်အပိုင်းများအကြား Data များပို့ဆောင်ပေးနိုင်သော လမ်းကြောင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။တစ်ခါတစ်ရံကွန်ပျူတာနှစ်လုံးကြား ဆက်သွယ်မှုအပိုင်းများကိုလည်းဆောင်ရွက်ပေးနိုင်ပါတယ်။ အစောပိုင်းကာလကွန်ပျူတာ Bus များဟာ Parallel Electrical Bus အမျိုးအစားဖြစ်ပြီး၎င်းဟာ Connection များစွာဖြင့်ချိတ်ဆက်ထားပါတယ်။

ဒါပေမယ့် ယနေ့ခေတ်မှာတော့ Bus တည်ဆောက်ပုံကို
ပြင်ဆင်ခဲ့ပြီး ကွန်ပျူတာအတွင်းရှိ Busများဟာ Parallel အနေဖြင့်ရော Bit-Serial Connection အနေဖြင့်အသုံးပြုလာနိုင်ပါတယ်။Bus တွေဟာ Data တွေကို ပို့ဆောင်ပေးသော အစိတ်အပိုင်းများဖြစ်ကြပြီး
အဓိကအားဖြင့် Processor နှင့်အခြားComponent များအကြား Bus မှတစ်ဆင့် Data များ ပို့ဆောင်ပေးပါတယ်။

Bus များဟာ Motherboard ပေါ်ရှိ (ElectricalPathway) တွေဖြစ်ကြပြီး ၎င်းအစုအဝေးများကို Trace ဟုလည်း
ခေါ်ဆိုနိုင်ပါတယ်။ Bus များဟာ Parallel အနေဖြင့် Dataများကို သယ်ဆောင်ပေးနိုင်သလို Serial အနေဖြင့်လည်း
Data များအား Bit-Serial ပုံစံဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ထို့ပြင်Bus များဟာ Motherboard ပေါ်တွင် VideoCard, Sound Card စသည်ဖြင့် Extra Card များချိတ်ဆက်တပ်ဆင်ရာမှာလည်း Bus များဟာ
အဓိကလုပ်ဆောင်ပေးရပါတယ်။SerialBusအများစုတွင်Conductorအများအပြားပါဝင်ကြပြီး၎င်းတို့ပို့ဆောင်နိုင်သောData Rate ဟာလည်း မြန်ဆန်ကြပါတယ်။ Parallel Bus များကတော့ လုပ်ဆောင်ချက် Functionများပြားလာသောအခါတွင် အဆင်မပြေတာကြောင့် နောက်ပိုင်းတွင် Double Pump Bus များကိုအစားထိုးအသုံးပြုခဲ့ကြပါတယ်။ Serial Bus ဟာ Data လွှဲပြောင်းရာ၌ Parallel Bus ထက် ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ပါတယ်။
ကွန်ပျူတာအများစုဟာ Internal နှင့် External Bus အများအပြား ပါဝင်ကြပြီး Internal Bus ကတော့
ကွန်ပျူတာအတွင်းရှိ Component များအားလုံးကို ထို Motherboard ဆီသို့ ပို့ဆောင်ပေးပါတယ်။ ထို့ကြောင့်
InternalBus အား Local Bus ဟုခေါ်ဝေါ်ပြီး ကွန်ပျူတာအတွင်းရှိ Local Device များကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ External Busကတော့ ပြင်ပမှ လာရောက်ချိတ်ဆက်အသုံးပြုသည့် Device များနှင့်
ဆက်သွယ်ရာတွင် အဓိကလုပ်ဆောင်ပေးပါတယ်။External Network ချိတ်ဆက်ခြင်းကိုတော့ Bus ဟုခေါ်ဆိုလို့မရနိုင်ပါဘူး။ Network နှင့် Busများအကြားကြားခံအနေဖြင့်ုပ်ဆောင်ပေးနိုင်သည့်နည်းပညာနှစ်မျိုးကိုတော့ Infini Band နှင့် HyperTransportဟုခေါ်ဆိုကြပါတယ်။ ဒါပေမယ့် Internal နှင့်External ချိတ်ဆက်အသုံးပြုတာကြောင့် တစ်ခါတစ်ရံတွင် Busများရှုပ်ထွေးကုန်ကြပါတယ်။ Infini Band ဟာ
Internal Bus ဖြစ်သည့် PCI အစားအသုံးပြုနိုင်သလို External ဖြစ်သည့်Fibre Channel ကိုလည်း
ထောက်ပံ့ပေးပါတယ်။ လက်ရှိအသုံးပြုလျက်ရှိနေသော USB ဆက်သွယ်ခြင်းကိုတော့Peripheral Bus ဟု
သတ်မှတ်ထားပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -