Posted by : ကိုထက် Thursday, July 4, 2013

RAID Official Layers အကြောင်း

Data ကိုထိန်းသိမ်းကာကွယ်ဖို့၊ speed မြန်ဆန်ဖို့အတွက် multiple drives တွေကို အသုံးပြုရာမှာ techniques
တွေ အမျိုးမျိုးရှိပါတယ်။ ဒီ techniques တွေကို RAID (Radom Array of Inexpensive Disks or Random
Array of Independent Disk) လို့ခေါ်ပါတယ်။ A Couple of Sharp Guys ဆိုတဲ့ organization က RAID
နဲ့ပတ်သက်ပြီး official levels တွေ သတ်မှတ်ခဲ့ပါတယ်။ RAID မှာ num (0-6) ဆိုပြီး official level 7ခုရှိ
ပါတယ်။


========RAID 0 - Disk Striping=========
Disk striping မှာ အနည်းဆုံး drive 2 ခုလိုပါတယ်။ data redundancy ကို ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
အကယ်၍ drive တစ်ခု fail ဖြစ်သွားရင် data အားလုံး ဆုံးရှုံးမှာဖြစ်ပါတယ်။

======RAID 1 - Disk Mirroring / Duplexing=======
Hard drive အနည်းဆုံး 2ခုလိုပါတယ်။ Hard drive အရေအတွက် စုံဂဏန်းဖြစ်ဖို့ လိုပါတယ်။ RAID 1 မှာ
data ဟာ safe ဖြစ်ပါတယ်။ ဒါပေမယ့် data ကို duplicate လုပ်ပြီးသိမ်းရတဲ့အတွက် storage space ဟာ
အလွန်များပါတယ်။ ဥပမာ - 100GB data ကိုသိမ်းဖို့အတွက် 100GB drive နှစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။


=====RAID 2 - Disk Striping with Dedicated Parity Drives=====
ဒါကတော့ အပြင်မှာလုံးဝမသုံးတဲ့ RAID idea ဖြစ်ပါတယ်။

RAID 3 & 4 - Disk Striping with Dedicated Parity
RAID 3 & 4 ဟာ dedicated data drive နဲ့ parity drive တွေကို ပေါင်းစပ်ထားတဲ့ပုံစံဖြစ်ပါတယ်။ RAID 2
နဲ့ မတူတာကတော့ real world မှာ အနည်းငယ်အသုံးပြုခဲ့ပြီး RAID 5 ပေါ်လာပြီးနောက် ပျောက်ကွယ်သွား
ပါတယ်။

====RAID 5 - Disk Striping with Distributed Parity ====
Dedicated data နဲ့ parity dirves တွေအစား RAID 5 မှာ data နဲ့ parity information တွေကို drive
အားလုံးဆီကို ဖြန့်ဝေပါတယ်။ ဒါဟာ data redundancy ကို အမြန်ဆုံးဖြစ်ပေါ်စေပါတယ်။ RAID 5 မှာ
အနည်းဆုံး hard drive 3ခုလိုပါတယ်။ RAID 5 ဟာ storage ကန့်သတ်ချက်ရှိပါတယ်။ ဥပမာ - 200GB
drive 3 ခုရဲ့ စုစုပေါင်း storage capacity ဟာ 400GB ဖြစ်ပါတယ်။ 200GB drive 4ခုရဲ့ စုစုပေါင်း storage
capacity ဟာ 600GB ဖြစ်ပါတယ်။


====RAID 6 - Super Disk Striping with Distributed Parity====
RAID 6 ဟာ RAID 5 နဲ့ asychronous & cached data transmission ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
Super RAID 5 လို့လဲခေါ်ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ထက်နေမင်း - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -